Tuesday, February 21, 2017

Forever Alone ဖျော်ဖြေပွဲမှာ အောင်ပွဲခံခဲ့တဲ့ ဇော်ဝင်းထွဋ်

Byဇွဲဉာဏ်On Tue, 2017-02-21 06:30Location ရန်ကုန်Issue No.No.1371 Tuesday, February 21, 2017  ဓာတ်ပုံ−စိုင်းဇော် ချစ်သူမရှိသူများအ တွက် ရည်ရွယ်ကျင်းပသည့် The Forever Alone's Night ဖျော်ဖြေ ပွဲတွင် နောက်ဆုံးပိတ်ဖျော်ဖြေ သည့် ဇော်ဝင်းထွဋ်၏ အစီအစဉ် သည် ပရိသတ်အားပေးမှု အများ ဆုံးရရှိခဲ့သည်။ ယင်းဖျော်ဖြေပွဲကို ဖေဖော် ဝါရီ ၁၉ ရက်ညက ပြည်သူ့ရင် ပြင်၌ ကျင်းပခဲ့ပြီး ဇော်ဝင်းထွဋ် (အင်ပါယာ)၊ Big Bag၊ ဝေလ (Runner)၊ ဂျီလတ် (NC 13)၊ Idiots၊ သာဒီးလူ (The Key)၊ The Marionette နှင့် Maze of Mara အဖွဲ့တို့က ပါဝင်ဖျော်ဖြေခဲ့ သည်။ ချစ်သူမရှိသူများအတွက် ရည်ရွယ်ကျင်းပသည့် ဖျော်ဖြေပွဲ ဖြစ်သောကြောင့် ပါဝင်သည့် အဆိုတော်များက အသည်းကွဲသီချင်းအများစု ရွေးချယ်သီဆို ခဲ့ကြသည်။ ပွဲချိန်ကြာလာသည်နှင့်အမျှ ပရိသတ်အားပေးမှု ပိုမိုမြင့်တက် လာပြီး နောက်ဆုံးပိတ်အစီအစဉ် တွင် သီဆိုခဲ့သည့် ဇော်ဝင်းထွဋ်၏ ဖျော်ဖြေမှုသည် ပရိသတ်အားပေးမှု အများဆုံးဖြစ်ခဲ့သည်။ ဇော်ဝင်းထွဋ်၏ အမာခံပရိသတ်များ၏ အားပေးမှုပြင်းထန်လာသော ကြောင့် စင်ရှေ့တွင် လုံခြုံရေးများ ဖြင့် ထိန်းခဲ့ရသည်။ နောက်ဆုံးအစီအစဉ် ဖျော်ဖြေခြင်းဖြစ်သောကြောင့် ပရိ သတ်များက သီချင်းများ ထပ်မံ၍ တောင်းဆိုခဲ့သလို ဇော်ဝင်းထွဋ် ကလည်း သီချင်း ၁၅ ပုဒ်ခန့် ဆက်တိုက်သီဆိုဖျော်ဖြေခဲ့ပြီး ၎င်း၏ အကျော်ကြားဆုံးသီချင်း များထဲမှ ‘အချစ်များသူ့ဆီမှာ’ သီချင်းဖြင့် နှုတ်ဆက်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဖျော် ဖြေပွဲများ ဆက်တိုက်ရှိနေသော် လည်း ပရိသတ်အားပေးမှုရရှိ ထားသည့် အဖွဲ့များပါဝင်သည့် ဖျော်ဖြေပွဲဖြစ်သောကြောင့် ချစ် သူမရှိသူများအတွက် ရည်ရွယ် ကျင်းပသည့် The Forever Alone's Night သည် အောင်မြင် သည့်ပွဲဖြစ်ခဲ့သည်။ Refer >>> 7days

No comments:

Post a Comment