Wednesday, August 30, 2017
ရခိုင်အရေး ကုလ UNSC အရေးပေါ်အစည်းအဝေးခေါ်
ရခိုင် အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးခေါ်
ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပဖို့ အင်္ဂါနေ့ က တင်ပြ ထားကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မက်သရူး ရိုင်း ခရော့ဖ် က ပြောပါတယ်။
ရခိုင် အရေး အခင်း နဲ့ ပတ်သက်ပြီး အရေးတကြီး အဖြေရှာဖို့ လိုအပ်တယ် လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်တွေ အတွင်း က ရခိုင် ပြည်နယ် မောင်တော ဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တာကြောင့် စိုးရိမ် စရာ အခြေအနေ တွေ ရှိနေတယ်လို့ သူက ပြောကြား ပါတယ်။
ကုသလမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး ရဲ့ တောင်းဆိုမှု ကို လုံခြုံရေး ကောင်စီ ကလည်း လက်ခံ မယ်လို့ မျှော်လင့် ထားပြီး သြဂုတ်လ ၃၀ ရက်နေ့ ဒီကနေ့ မှာ မြန်မာ့ အရေး နဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပနိုင်ဖို့ ရည်မှန်း နေကြပါတယ်။ refer>>> #ဘီဘီစီမြန်မာပိုင်း
http://www.bbc.com/burmese/burma-41090118
Subscribe to:
Post Comments (Atom)
No comments:
Post a Comment