Friday, September 4, 2015

 ကျွန်တော်သာ အနုပညာရှင်တစ်ဦးဖြစ်ရင်

လတ်တလော အခြေအနေမှာ ၂၀၁၅ ရွေးကောက်ပွဲ နီးလာပြီဖြစ်တာကြောင့်နိုင်ငံရေးပါတီတော်တော်များ
များရဲ့ ပစ်မှတ်ဟာ လူထုပရိသတ်ရှိပြီးသားဖြစ်တဲ့ အဆိုတော်၊ရုပ်ရှင်မင်းသား၊စာရေးဆရာ စတဲ့ Popular ဖြစ်သော Celeတွေအပေါ်ချည်းကပ်လာမှုဟာ သိသိသာသာမြင့်တက်လာနေပါတယ်။
ဒါဟာ နိုင်ငံရေးပါတီတွေရဲ့ လုပ်ရိုးလုပ်စဉ်လို့တောင်ပြောလို့ရနိုင်ပါတယ်။သူတို့အနေနဲ့ ပါတီအနေနဲ့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူထုထောက်ခံ မှု များများရဖို့လိုပါတယ်။ဒီအတွက် လူထုအောက်ခြေအထိကွင်းဆင်းပြီးမဲပေးအောင်ဆွဲဆောင်နေမယ့်အစား ၊ လူထုထောက်ခံမှု ချစ်ခင်မှုရှိပြီးသားဖြစ်တဲ့ ရုပ်ရှင်းမင်းသားတစ်ဦးကိုဖြစ်စေ၊အဆိုတော် တစ်ယောက်ကိုဖြစ်စေမိမိတို့
ပါတီထဲ သွပ်သွင်းဆွဲဆောင်နိုင်ခဲ့လျှင် ထိုအဆိုတော်၊ရုပ်ရှင်မင်းသားတွေရဲ့ပရိသတ်ရဲ့ ထောက်ခံမှု မိမိပါတီကို မဲပေးခြင်းဟာလည်းအားလုံးမဟုတ်တောင် ကျွဲကူးရေပါဆိုသလို အလိုလိုစီးဝင်လာမှာပဲ
မဟုတ်ပါလား။ဒါကြောင့်ရွေးကောက်ပွဲနီးလာတာနဲ့အမျှပါတီတွေရဲ့ပစ်မှတ်ဟာ ခေါင်ထိအကုန်စားနည်းဖြစ်တဲ့ နာမည်ရပြီးသား Cele တွေကို မိမိပါတီထဲသွပ်သွင်းပြီး ၎င်းတို့ရဲ့ Image နဲ့အတူ ၎င်းတို့ရဲ့ပရိသတ်ထောက်ခံမှုရရှိဖို့အတွက် ပွဲထွက်လာကြတာပဲဖြစ်တယ်။

အနီးစပ်ဆုံးပြရမယ်ဆိုရင် ဒီမိုကရေစီအဖွဲ့ချုပ် ရဲ့လက်ရှိလုပ်ဆောင်နေမှုဟာထိုနည်းအတိုင်း
ပါပဲ။ရုပ်ရှင်နဲ့ဗီဒီယိုမင်းသားမင်းသမီးတွေနဲ့အတူ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရွေးကောက်ပွဲမဲဆွယ်
ကာလမတိုင်ခင်ကို ပြောင်ပြောင်တင်းတင်းမဲဆွယ်နေတာပဲဖြစ်ပါတယ်။ဒါဟာ နိုင်ငံရေးပါတီတွေအတွက်
တော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ဖြတ်လမ်းနည်းလို့လည်းဆိုနိုင်သလို၊ူစိန်နားကပ်အရောင်နဲ့ ပါးပြောင်အောင် ပွတ်ရတဲ့နည်းလမ်းလို့လည်းဆိုနိုင်ပါတယ်။တကယ်တမ်းအားဖြင့်လည်း ဒီနည်းဟာ စိတ်ခံစားမှုရှေ့တန်းတင်တတ်သော မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေအတွက်လည်း ရာခိုင်နှုန်းပြည့်မဟုတ်တောင်ရာခိုင်နှုန်းတစ်ခုတော့အလုပ်ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ဒါဟာနိုင်ငံရေးပါတီတွေအတွက် အားသာချက်တစ်ခုအဖြစ်ဆိုနိုင်ပါတယ်။

ပြည်သူတွေ  အတွက်တော့ဒီနည်းလမ်းက အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော်၊ရုပ်ရှင်မင်းသား  စတာတွေအတွက်တော့ အနုပညာရှင်စစ်/မစစ် ဆိုတာခွဲခြားပြတဲ့နည်းလမ်းလို့ဆင့်ပွား
ယူဆနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့..ဆိုကြပါစို့  စိုင်းစိုင်းခမ်းလှိုင်မှာ ပရိသတ် သောင်းချီ၊သိန်းချီ ရှိပါလိမ့်မယ်။ USDP ကိုမကြိုက်သူ/ကြိုက်သူ၊NLD ကိုမကြိုက်သူ/ကြိုက်သူ၊ NDP ကိုမကြိုက်သူ/ကြိုက်သူ တွေ ထောင်ချီ သောင်းချီပါဝင်နေမှာပါပဲ။ဒီတော့  စိုင်းစိုင်းလမ်းလှိုင်ဟာ ရွေးကောက်ပွဲမှာ  မိုက်ကြီးနဲ့ထွက်ပြီးတော့ကျွန်တော်ကတော့ USDP ကို မဲပေးမှာဖြစ်ပါတယ်ခင်ဗျာလို့..မီဒီယာတွေမှာထုတ်ပြောလိုက်ရင် USDP  ကိုမကြိုက်တဲ့ ပရိသတ်ကိုစော်ကားရာကြပါတယ်။မိမိအနေနဲ့ ကြိုက်တဲ့ပါတီကို  မဲပေးခွင့်ရှိပါတယ်။ဒါပေမယ့်ဒါကို
အတိအလင်းထုတ်ပြောစရာမလိုပါဘူး။နိုင်ငံရေးပါတီတွေ၊နိုင်ငံရေးကြောင်ပါးတွေကတော့  ထုတ်ပြောဖို့အတွက် မြောက်ပေးကြမှာပါပဲ။မိမိအနေနဲ့သာမိမိသည်နိုင်ငံရေးသမား
လား၊အနုပညာသမားလားဆိုတာ စဉ်းစားသင့်ပါတယ်။

ဒါနဲဆက်စပ်ပြီးတော့.
Myanmar Celebritiesကကျင်းပတဲ့ အနုပညာရှင်တွေကို အင်တာဗျူးရာမှာလူမင်း၊ ၀ိုင်း၊ ထွန်းအိန္ဒြာဗိုလ်၊ သင်ဇင်ဝင့်ကျော်၊ ဒါရိုက်တာ မိုက်တီး တို့ကကင်မရာရှေ့မှာကျွန်မကတော့..ကျွန်တော်
ကတော့  ဘယ်ပါတီကိုမဲပေးပါမယ်လို့ ထုတ်ပြောတာတွေ့ရပေမယ့်၊အဆိုတော်  ဖြူဖြူကျော်သိန်းအလှည့်မှာ ဖြူဖြူကျော်သိန်းက "ဘယ်ပါတီကို မဲ ထည့်မလဲဆိုတဲ့မေးခွန်းက illegal မဖြစ်တာမို့ မီဒီယာတွေ မမေးရမယ့်မေးခွန်းဖြစ်ပါတယ်" လို့ဖြေသွားခဲ့လို့  လူတွေကိုသူ့ကိုဝိုင်းပြီးတော့  ဆဲဆိုအပြစ်တင်တဲ့မှတ်ချက်တွေပြုကြတာတွေ့ရတယ်။တကယ်ဆို သူမ ပြောတာ  အမှန်တရားပါပဲ။အနုပညာရှင်တစ်ယောက်က ဆိုက်ကားသမားတစ်ယောက်ဖြေသလို  ဖြေလို့မရပါဘူး။ဆိုက်ကားသမားတစ်ယောက်က ကျွန်တော်က USDP ကိုပေးမှာပါ
လို့ပြောတာ  ကိစ္စမရှိပေမယ့်၊ အနုပညာရှင်တစ်ယောက်က သူရဲ့နောက်မှာ  ပရိသတ်များစွာရှိနေပါတယ်။သူတိမ်းရင်တိမ်းသလို၊သူယိမ်းရင်ယိမ်းသလို ပရိသတ်ထောက်ခံမှုဟာ မူတည်နေပါတယ်။

ဒီနေရာမှာ ကျွန်တော်သာ  အနုပညာရှင်တစ်ဦးဖြစ်ရင်ဘာလိုလုပ်မလဲ။ကျွန်တော်ကတော့  ဘယ်မီဒီယာသမားလာမေးမေးဖြေမှာမဟုတ်ပါဘူး။ဒါဟာ  မိမိအတွက်မဖြေသင့်တဲ့မေးခွန်းဖြစ်
သလို၊မိမိပရိသတ်အတွက်လည်းဖြေသင့်တဲ့မေးခွန်းမဟုတ်ပါဘူး။ကျွန်တော် NDF ကိုကြိုက်ချင်ရင်ကြိုက်
မယ်၊ ကြိုက်လို့မဲပေးချင်ရင်ပေးမယ်။ဒါပေမယ့်ကျွန်တော်ထုတ်ဖော်ကြေငြာမှာမဟုတ်ဘူး။ကျွန်တော်တိတ်
တိတ်ကလေးပဲ မဲပေးမှာပါ။ဒါမှလည်းပရိသတ်ကိုလေးစားရကြမှာဖြစ်သလို၊ကျွန်တော်ရွေးချယ်
မှုဟာမှားကောင်းမှားမယ်၊မှန်ကောင်းမှန်တယ် ဒါပေမယ့်ကျွန်တော်အမှားဟာ ကျွန်တော်ကို
ထောက်ခံတဲ့  ပရိသတ်အပေါ်သက်ရောက်မှုရှိသွားတာမျိုး၊ကျွန်တော်ကြောင့်ကျွန်တော်  ပရိသတ်တွေမှားသွားတာမျိုးအဖြစ်မခံချင်ဘူးလေ။ကျွန်တော်ကမဲပေးခွင့်ရှိတဲ့အတွက်  မဲပေးလိုက်တာမျိုးပဲဖြစ်မှာပါ။နိုင် နိုင်မယ်လို့ထင်တဲ့ပါတီကို  ၊အစိုးရဖွဲ့နိုင်မယ်လို့ထင်တဲ့ပါတီကို လော်ဘီလုပ်ပြီးကျွန်တော်ပရိသတ်ကို  မဲပေးခိုင်းမှာမဟုတ်ပါဘူး။ပြီးတော့ ကျွန်တော်က သာကူး
အနုပညာရှင်သမားမျိုးမဟုတ်ပဲ၊တကယ့်ရင်ထဲက မြတ်နိုးတဲ့အနုပညာရှင်သမားပဲဖြစ်ချင်ခဲ့တာလေ..။

ဖိုးသောကြာ

No comments:

Post a Comment