Thursday, September 3, 2015

လူ​ပေါင်းမှား​သော facebook

၂၀၁၂ ခုနှစ်​မှစ၍ ကျ​နော်​ facebook လူမှုကွန်​ယက်​ကိုအသုံးပြုခဲ့ပါသည်​။ ထိုစဉ်​က fb user များသည်​ ​ပျော်​ရွှင်​ခြင်း၊ဝမ်းနည်းခြင်း၊အံ့သြခြင်း စသည့်​ မိမိစိတ်​ခံစားချက်​များကို ​ဖော်​ပြကြသည်​။ အမှတ်​တရ ပုံ​လေး​တွေ၊သာယာလှပ​သော ရှုခင်းပုံ​တွေ၊ကြည်​နူးချမ်း​မြေ့ဖွယ်​ရာ ပုံ​လေး​တွေ စသည်​ဖြင့်​ ​ဖော်​ပြ​ဝေငှခဲ့ကြပါသည်​။ အလွန်​ ရည်​ရွယ်​ချက်​​ကောင်းမွန်​ပြီး အကျိုးပြု​သော ကွန်​ယက်​တစ်​ခု ဖြစ်​ခဲ့ဖူးပါသည်​။ သတင်းမီဒီယာသဖွယ်​မဟုတ်​ခဲ့ပါ။ သတင်းဖတ်​လိုပါက Blog များတွင်​ဝင်​ကြည့်​ကြရသည်​။ အဆိပ်​အ​တောက်​ကင်း​သော သတင်းအချို့ကိုသာ fb ​​ပေါ်၌ တစ်​ခါတစ်​ရံ​ တွေ့ရတတ်​ပါသည်​။ အလွန်​ယဉ်​​ကျေး​သော facebook ကွန်​ယက်​ကြီးဟာ တအိအိ ပျက်​စီးယိုယွင်းလာခဲ့ရာ ယခု ၂၀၁၅ ခုနှစ်​တွင်​ လူ​ပေါင်းစုံ၊ အလွှာ​ပေါင်းစုံ သုံးစွဲ​နေပြီး စရိုက်​​ပေါင်းစုံဖြင့်​ ရမ်းကား​နေ​သော ကွန်​ယက်​ကြီးတစ်​ခု ဖြစ်​လာရသည်​။ အကျိုးပြုလိုစိတ်​ဖြင့်​ သုံးစွဲ​နေသူ fb user များ လည်းရှိပါသည်​။ သို့​သော်​လည်း ငါးခုံးမ တစ်​​ကောင်​​ကြောင့်​တစ်​​လှေလုံးပုပ်​ခဲ့ရသည်​။
ကျ​နော့်​ ၏ အမြင်​ကိုသာ ​တင်​ပြခြင်း ဖြစ်​ပါသည်​။ မှား​ကောင်းမှားနိုင်​ပါသည်​။ အမှားပါလျှင်​ပြင်​​ပေးနိုင်​ပါသည်​။

No comments:

Post a Comment